Podcasts · Mahasi Dhamma Podcast - မဟာစည်တရားတော်များ
ယောဂီအသစ်တို့အား အစညွှန်ကြားချက် ဝိပဿနာအလုပ်ပေးတရားတော်
· 39 min · S1388 E1
Episode ယောဂီအသစ်တို့အား အစညွှန်ကြားချက် ဝိပဿနာအလုပ်ပေးတရားတော်
မဟာစည်သာသနာ့ရိပ်သာ “ယောဂီအသစ်တို့အား အစညွှန်ကြားချက် အလုပ်ပေးတရားတော်” စတင်ဖွင့်လှစ်ခြင်း ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား - မဟာစည်သာသနာ့ရိပ်သာကြီးတွင် တရားဝင်သည့် ယောဂီများအား ဝိပဿနာအလုပ်ပေးတရားတော် မနာယူမီ ဆရာတော်ကြီးများက ဩဝါဒပေးလေ့ရှိပါသည်။ ✨ ၃၈-မိနစ် အလုပ်ပေးတရားဖြစ်ပေါ်လာပုံ ယခုအခါ ၂၀၂၂ ခုနှစ် မှတ်တမ်းများကို ပြန်လည်ပြုစုရာမှ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ယောဂီအသစ်တို့အား အစညွှန်ကြားချက်” လက်နှိပ်စက်စာမူနှင့် ၈-မိနစ်ကြာအသံဖိုင် ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ “ယောဂီအသစ်တို့အား အစညွှန်ကြားချက်” ဟု ခေါင်းစဉ်ပေးထားသဖြင့်၊ ဝိပဿနာအလုပ်ပေးတရားတော် တိပ်ခွေမဖွင့်မီ ယောဂီများအား ဩဝါဒပေးသည့် ဆရာတော်များ အကိုးအကားပြုနိုင်ရန် နှင့် ကနဦးဩဝါဒပေးနိုင်ရန် ပြုစုတော်မူခဲ့ခြင်း ဖြစ်ပါသည်။ ယခုအခါ မဟာစည် သံဃာတော်များ၏ ဩဝါဒကို ခံယူကာ၊ မူလဖွင့်နေကျ မိနစ် (၃၀) အလုပ်ပေးတရားတော်၏ ရှေ့တွင် ဤ ၈-မိနစ် တရားတော်ကို ထည့်သွင်း၍ စုစုပေါင်း (၃၈) မိနစ်အဖြစ် ဖွင့်လှစ်ရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။ 🗓️ မည်သည့်အချိန်တွင် စတင်နာယူနိုင်သလဲ? မဟာစည် ၇-ရက် သင်္ကြန်တရားစခန်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက် (၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၁၀ ရက်) နေ့လယ် ၃:၀၀ ခန့်တွင် သင်္ကြန်တွင်းတရားအားထုတ်ရန် ရောက်ရှိလာသည့် ယောဂီများသည် ပထမဆုံးအကြိမ်အဖြစ် ဤတရားတော်ကို စုပေါင်းနာယူကြမည်ဖြစ်ပါသည်။ ဓမ္မမိတ်ဆွေများအနေဖြင့်လည်း အောက်ပါနေရာများမှ နာယူတော်မူနိုင်ပါသည်။Mahasi App https://app.mahasi.org.mm/download/index.htmlYouTube https://www.youtube.com/watch?v=5lbNAPO20uU မဟာစည်သာသနာ့သမိုင်းဝင် ယောဂီအသစ်တို့အား အစညွှန်ကြားချက်-ဝိပဿနာအလုပ်ပေးတရားတော်ကို နာယူပွားများ အားထုတ်နိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။ #Mahasi #Vipassana #Dhamma #MahasiApp #မဟာစည် #အလုပ်ပေးတရား #သာသနာပြု # ယောဂီအသစ်တို့အားအစညွှန်ကြားချက်
Links in the notes 2
Shows are listed from Apple Podcasts' charts and directory, and Podcast Index where it is used. Every show and episode belongs to its publisher and plays from the publisher's own feed; this site hosts none of them. Explicit shows are for adult profiles only, and children’s profiles hear only children’s shows. More about this list.